Wednesday, May 13, 2015

#နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဘဝသံသရာမှာ ကျင်လည်ကြကုန်သော ဝေနေယျ သတ္တဝါတွေအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို ရွတ်ဖတ်ကြပါစေ သဘာဝ ဘေးဆိုး ကပ်ဆိုး အန္တရာယ်ဆိုးတို့မှ ကျော်လွှားနိုင်ကြပါစေ နေရာဒေသအသီးသီးမှာ ငလျှင်ဘေးတွေဆိုက်ရောက်နေကြသည့်အတွက် ဘုရားရှင်၏ တရားတော်တို့ကို သတိရတိုင်း ရွတ်ဖတ်သရဇ္ဈာယ်နိုင်ကြပါစေ

Sunday, September 14, 2014

ဘဝဆိုတာက ခနလေးပါ

တကယ့်ကို ခနလေးပါ ခနတစ်ဖြုတ် နေရစဉ် အတောအတွင်း ကောင်းအောင်နေပြီး ဘဝကိုအလှပဆုံး ဖြတ်သန်းကြပါစို့
မနာလိုခြင်းတွေ
သဝန်တိုခြင်းတွေ
စိတ်အလိုမကျမှု့တွေဆိုတာ
တကယ့်ကို ခနလေးပါ
ဖြစ်လာပီ နောက်ဆုံးပျက်သွားတာပါ
ဒီစိတ်တွေက
သူငယ်ချင်းတို့လဲ ဘဝအမောတွေ
ပြေပျောက်ကြပါစေ.

Thursday, June 27, 2013

ထိုသို့ လျှောက်ထားချက်များသည် သဘောရိုးဖြင့်ပြုလုက်ကြောင်းထင်ရှားပါက ခွင့်ပြုကြောင်းပြန်ကြားရမည် ထိုသို့ ဘာသာအယူပြောင်းလဲပြီးပါက နောက်ထပ်တစ်ဖန်ပြောင်းလဲခြင်းကို ခွင့်မပြုရ အထက်ပါအချက်များသည် အလွယ်တကူလေ့လာနိုင်ရန် ကောက်နှုတ်ချက်များသာဖြစ်၍ အပြည့်အစုံကိုသီးခြားလေ့လာနိုင်ပါသည်

လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်းရမည် လိုအပ်လျှင် မူလဘာသာရေးအဖွဲ့နှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့များ၏ ဆန္ဒကိုရယူနိုင်သည် လျှောက်ထားသူသည် မိမိ၏ ရိုးသားစွာ ယုံကြည်မှု့ကြောင့်မဟုတ်ဘဲ အခြားဘာသာသာသနာကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ရန် ပြဿနာဖန်တီးရန် (သို့)မရိုးသားသည့်အကြံတစ်ခုခုဖြင့်လျှောက်ထားကြောင်းပေါ်လွင်ပါက အကြောင်းပြချက်များဖြင့် ပယ်ရမည် ထိုသူနှင့် အားပေးကူညီ ပူးပေါင်းဆောင်ရွက်သူများကို ဥပဒေများအရ အရေးယူတရားစွဲးဆိုရမည်

ထိုသို့လျှောက်ထားရာတွင် အိမ်ထောင်ရေးနှင့်ပက်သက်၍ ထိမ်းမြားရန် (သို့) ကွာရှင်းရန် (သို့) ပစ္စည်းခွဲးခြားရန် အမွေဆက်ခံရေးအတွက်ဖြစ်ကြောင်း စသည်တို့ကို မှန်ကန်စွာ ဖော်ပြရမည် ထိုအပြင် ဘာသာအယူဝါဒနှင့်ပက်သက်၍ ယုံကြည်ချက် ပြောင်းလိုခြင်းအပေါ် အခြေခံခြင်းဟုတ်/မဟုတ် ပြည့်စုံစွာဖော်ပြရမည်

ကိုးကွယ်ရာဘာသာနှင့်ပက်သက်၍ မှတ်ပုံတင်ဥပဒေမူကြမ်း မည်သူမဆို မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာသို့ ကူးပြောင်းလိုလျှင် သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများသို့ မိတ္တူပေးပို့ရမည်