Thursday, June 27, 2013
လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်းရမည် လိုအပ်လျှင် မူလဘာသာရေးအဖွဲ့နှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့များ၏ ဆန္ဒကိုရယူနိုင်သည် လျှောက်ထားသူသည် မိမိ၏ ရိုးသားစွာ ယုံကြည်မှု့ကြောင့်မဟုတ်ဘဲ အခြားဘာသာသာသနာကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ရန် ပြဿနာဖန်တီးရန် (သို့)မရိုးသားသည့်အကြံတစ်ခုခုဖြင့်လျှောက်ထားကြောင်းပေါ်လွင်ပါက အကြောင်းပြချက်များဖြင့် ပယ်ရမည် ထိုသူနှင့် အားပေးကူညီ ပူးပေါင်းဆောင်ရွက်သူများကို ဥပဒေများအရ အရေးယူတရားစွဲးဆိုရမည်
ကိုးကွယ်ရာဘာသာနှင့်ပက်သက်၍ မှတ်ပုံတင်ဥပဒေမူကြမ်း မည်သူမဆို မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာသို့ ကူးပြောင်းလိုလျှင် သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများသို့ မိတ္တူပေးပို့ရမည်
Wednesday, June 26, 2013
မိုးကလဲ ကောင်းလိုက်တာ တနေကုန်ရွာနေတာပဲ ဘာအလုက်မှ မလုက်ဖြစ်ဘူး ပျင်းတာနဲ့ အင်တာနက်မှာပဲ အချိန်ကုန်နေတယ် site လေးတခုလောက် လုက်မယ်စိတ်ကူးတာ မလုက်တတ်တာနဲ့ ပြုတ်ကျနေတယ် အင်တာနက်ကလဲ မကောင်းတာပါမှာပေါ့ အသုံးချတတ်ရင်တော့ အင်တာနက်နဲ့ပဲ စီးပွားဖြစ်နိုင်တယ် ၂၀၁၃ ဆီးဂိမ် ကျရင်တော့ လိုင်းကောင်းလောက်မယ် ထင်ပါတယ် လူငယ်တွေအတွက် အခွင့်အလန်းတခု ဖြစ်လာလောက်ပါတယ် ကြိုးစားခဲ့မယ်ဆိုရင်ပေါ့ လူငယ်တော်တော်များများကတော့ စိတ်ဝင်စားကြပါတယ် နည်းပညာ ဘက်ဆိုင်ရာမှာ တခြားနိုင်ငံတွေထက် မနိမ့်ကျပါဘူး မြန်မာနိုင်ငံက တနေ့တော့ စင်္ကာပူထက် သာမယ်လိုထင်တာပဲ
Tuesday, June 25, 2013
ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်တာ ၉၆၉ ကြောင့်လိုပြောကြပါတယ် မဆိုင်ပါဘူး ဆရာတော်တွေက အဓိကရုဏ်း မဖြစ်ဖို့ အတန်တန် တရားထဲမှာ ထည့်ဟောထားတာပဲ အဓိကရုဏ်းဖြစ်အောင် ဘယ်သူတွေက ဖန်တီးနေတာလဲ ဘာရည်ရွယ်ချက်နဲ့ ဖန်တီးနေတာလဲ မြန်မာပြည်သူတွေက တကယ်ပဲ ဆူဆူပူပူ နေချင်ပမလား အေးအေးဆေးဆေး နေတတ်တဲ့ လူမျိုးတွေပါ ဘယ်တော့မှ အကြမ်းဖက်ဝါဒကို အလိုရှိတဲ့ နိုင်ငံမဟုတ်ပါဘူး အားလုံးလဲ သတိထားမိလိမ့်မယ် ထင်ပါတယ် ဗုဒ္ဓဘာသာကြောင့် စစ်ဖြစ်ရတယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက်ရှားပါတယ် အားလုံးအသိ သတိရှိတဲ့ နိုင်ငံပါ ဘာသာရေးက ဆုံးမထားတဲ့ နိုင်ငံပါ လူကို လူလိုပဲ မြင်ကြပါတယ် ဘယ်တော့မှ ခွဲးခြား မဆက်ဆံပါဘူး ဒါဟာ မြန်မာနိုင်ငံရဲ့ မွေးရာပါ ဗီဇပါ
စဉ်းစားစရာက ဘာလဲဆိုတော့ ၇၈၆ ကို ဘာလိုတရားခံ လုက်နေရတာလဲ ဗမာတစ်ယောက် မုဒိန်းကျင့် လူသတ်ရင် ဘယ် online စာမျက်နှာမှ တက်မလာဘူး ၇၈၆ ဖြစ်ရင်တော့ online မှာပလူပျံနေတာပဲ ဘာတွေက စေ့ဆော်ပေးနေတာလဲ စဉ်းစားစရာ လူမှုးရေးလုက်တဲ့ ၇၈၆ တွေကို မမြင်ဘူး မကြားဘူးလို ဖြစ်မှာပါ အားလုံးကို အပြစ်မြင်တာတော့ မကောင်းပါဘူး မြန်မာပြည်ပေါက် ၇၈၆ တွေကတော့ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ပါ ယဉ်ကျေးသိမ့်မွေ့ ကြပါတယ် တအားကြီး မဆိုးရွားပါဘူး ဒါကလဲ ကျွန်တော် အမြင်ပါ မှားချင်လဲ မှားမယ် ပေါ့ ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာကိုကိုယ်စားပြုတဲ့ သင်္ကေတပါ ငြိမ်းချမ်းရေးသင်္ကေတပါ ဆူဆူပူပူ လုက်မယ်ဆိုရင်တော့ ကိုယ့်တံဆိပ်ကို ကိုယ်ကိုတိုင် ဖျက်ဆီးတာနဲ့ အတူတူဖြစ်မှာပဲ အားလုံးဟာ မြန်မာပြည်ပေါက်တွေပဲ ချစ်ချစ်ခင်ခင်နေလာကြတာ ကြာပြီပဲ ခုမှဘာစိတ်ကူးပေါက်လို ရန်းဖြစ်ကြတာလဲ မပြောတတ်ပါဘူး အိမ်နီးချင် နိုင်ငံတွေက ဝမ်းသာကြလိမ့်မယ် ဒီပုံစံ အတိုင်းဆို ချစ်ချစ် ခင်ခင် နေလာကြသော ညီအကိုတို ဘေးနားက အိမ်တွေက သင်တို့ကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မည် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်ကြပါစို့
စာမရေးဖြစ်တာ ကြာပါပြီ ရေးချင်စိတ်မရှိတာက တစ်ကြောင်း မအားတာက တစ်ကြောင်းမို့ပါ အားပြန်တော့လဲ အင်တာနက် လိုင်းက မကောင်းပြန် ဒါနဲ ဘာမှ မရေးဖြစ်တော့ဘူး အခုမှ ဘာစိတ်ကူးပေါက်လို ထရေးတာလဲဆိုတော့ fb မှာ ဖတ်နေရတဲ့ စာတွေကြောင့် ငါလဲ ရေးအုံးမှပဲဆိုပြီး စိတ်ကူးပေါက်လာတာပါ fb ပေါ်မှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးစောင့် ဥပဒေ ဆိုလား ဘာဆိုလား မပြောတတ်ပါဘူး ဘာသာခြား လူမျိုးခြား စိမ့်ဝင်မှု့ကို ကာကွယ်ဘို့ရန်အတွက် ရေးဆွဲးထားပုံ ရပါတယ် တနေ့တခြား ကြီးထွားလာသော လူမျိုးခြား အန္တရာယ်ကလဲ ထိုင်းနိုင်ငံ တောင်ပိုင်က သက်သေပြနေတယ် စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ တချို့ကပြောတော့လဲ နိုင်ငံရေး လှည့်ကွက်တဲ့ ဒီပဲယင် ၁၀ နှစ်ပြည့် အစဖော်မှာစိုးလို ကုလားဘက်ကို မြှားဦးလှည့်လိုက်တာတဲ့ ဘာကို နားလည်ရမှန်း မသိတော့ပါဘူး ကြားထဲ က ငထွားခါးနာ ရကိန်းဆိုက်နေပြီ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကြားမှာတော့ ဒီဥပဒေက ရေပန်းစားနေကြတယ်ဗျ ဘာသာ သာသနာ အတွက်ဆိုရင်တော့ ကောင်းပါတယ် ဘာသာကို ခုတုံးလုက်ပြီး နိုင်ငံရေး အမြတ်ထုတ်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့ သမိုင်းစာမျက်နှာတွေမှာ အမည်စက် ကျန်နေရစ်လိမ့်မယ် လူထုကတော့ ဘာသာရေးခေါင်းဆောင်းတွေ ဦးဆောင်တာ ဆိုတော့ ဘာမှန်းသိသိ မသိသိ ထောက်ခံကြတာပေါ့ ၇၀ ရာခိုင်နှုန်း ကကျေးလက်နေပြည်သူတွေလေ ရွာဦးကျောင်း ဆရာတော်က ကောင်းတယ်ဆို ကောင်းလိုက်ကြတာပါ ဘာမှ သူတိုကတော့ ကွက်ကျော် မမြင်တတ်ကြပါဘူး ကောင်းပါတယ် ဘာသာရေး အမြင်နဲ့ ကြည့်ရင်ပေါ့ လူ့အခွင့်အရေးစံနှုန်းနဲ့ တိုင်းရင်တော့ မကောင်းဘူးပေါ့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ထောက်ခံတယ်ဆိုမှတော့ ဘာမှ စောဒက မတက်ချင်တော့ပါဘူး ကောင်းလဲကောင်းတယ် အမေစုလဲ အားနာတယ် စစ်အစိုးရ ဘက်ကတော့ ၉၆၉ ကို ကြိုးကိုင်နေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို ပြောနေကြတာပဲ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာတော့ သမိုင်းကသက်သေခံပါလိမ့်မယ်
အခုတလော ရေပန်းစားနေတာကတော့ အမျိုးစောင့်ဥပဒေ ဆိုတာပါပဲ ဘာမှတော့ ဝေဖန်စရာ မရှိပါဘူး မြန်မာ အမျိုးသမီးများအတွက် ရင်အေးရတော့မယ် ဥပဒေ တစ်ရပ် ဖြစ်ပါတယ် မြန်မာ စစ်စစ်က မွေးလာတာ မြန်မာ စစ်စစ်ပဲ ဖြစ်ချင်ကြတာ မိဘတိုင်းရဲ ဆန္ဒပါ ဘယ်မိဘမှ ကပြားလေး မွေးလာတာ အလိုမရှိကြပါ ဒီဥပဒေသာ အတည်ဖြစ်သွားရင်တော့ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ဟာ နှစ်ထောင်ချီ၍ တည်တံ့တော့မှာ ဝမ်းသာစရာ ပုံရိပ်တခုပါ နယ်တော်တော်များများ လက်မှတ်ထိုးနေတာ တွေ့တော့ ကျွန်တော်လဲ လက်မှတ်ထိုးတော့မယ်လို စိတ်ကူးလိုက်တယ် နိုင်ငံရေးတွေ ဘာတွေးတော့ နားမလည်ပါဘူး ဘာသာရေးသမား တစ်ယောက်အနေနဲ့ ကောင်းတယ်လို ခံယူထားပါတယ် လူမျိုးမပျောက်အောင် ကာကွယ်တာလိုပဲ မြင်မိပါတယ် ကျန်တာကတော့ ဘာမှ နားမလည်ပါဘူး
Subscribe to:
Posts (Atom)