စာမရေးဖြစ်တာ ကြာပါပြီ ရေးချင်စိတ်မရှိတာက တစ်ကြောင်း မအားတာက တစ်ကြောင်းမို့ပါ အားပြန်တော့လဲ အင်တာနက် လိုင်းက မကောင်းပြန် ဒါနဲ ဘာမှ မရေးဖြစ်တော့ဘူး အခုမှ ဘာစိတ်ကူးပေါက်လို ထရေးတာလဲဆိုတော့ fb မှာ ဖတ်နေရတဲ့ စာတွေကြောင့် ငါလဲ ရေးအုံးမှပဲဆိုပြီး စိတ်ကူးပေါက်လာတာပါ fb ပေါ်မှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးစောင့် ဥပဒေ ဆိုလား ဘာဆိုလား မပြောတတ်ပါဘူး ဘာသာခြား လူမျိုးခြား စိမ့်ဝင်မှု့ကို ကာကွယ်ဘို့ရန်အတွက် ရေးဆွဲးထားပုံ ရပါတယ် တနေ့တခြား ကြီးထွားလာသော လူမျိုးခြား အန္တရာယ်ကလဲ ထိုင်းနိုင်ငံ တောင်ပိုင်က သက်သေပြနေတယ် စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ တချို့ကပြောတော့လဲ နိုင်ငံရေး လှည့်ကွက်တဲ့ ဒီပဲယင် ၁၀ နှစ်ပြည့် အစဖော်မှာစိုးလို ကုလားဘက်ကို မြှားဦးလှည့်လိုက်တာတဲ့ ဘာကို နားလည်ရမှန်း မသိတော့ပါဘူး ကြားထဲ က ငထွားခါးနာ ရကိန်းဆိုက်နေပြီ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကြားမှာတော့ ဒီဥပဒေက ရေပန်းစားနေကြတယ်ဗျ ဘာသာ သာသနာ အတွက်ဆိုရင်တော့ ကောင်းပါတယ် ဘာသာကို ခုတုံးလုက်ပြီး နိုင်ငံရေး အမြတ်ထုတ်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့ သမိုင်းစာမျက်နှာတွေမှာ အမည်စက် ကျန်နေရစ်လိမ့်မယ် လူထုကတော့ ဘာသာရေးခေါင်းဆောင်းတွေ ဦးဆောင်တာ ဆိုတော့ ဘာမှန်းသိသိ မသိသိ ထောက်ခံကြတာပေါ့ ၇၀ ရာခိုင်နှုန်း ကကျေးလက်နေပြည်သူတွေလေ ရွာဦးကျောင်း ဆရာတော်က ကောင်းတယ်ဆို ကောင်းလိုက်ကြတာပါ ဘာမှ သူတိုကတော့ ကွက်ကျော် မမြင်တတ်ကြပါဘူး ကောင်းပါတယ် ဘာသာရေး အမြင်နဲ့ ကြည့်ရင်ပေါ့ လူ့အခွင့်အရေးစံနှုန်းနဲ့ တိုင်းရင်တော့ မကောင်းဘူးပေါ့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ထောက်ခံတယ်ဆိုမှတော့ ဘာမှ စောဒက မတက်ချင်တော့ပါဘူး ကောင်းလဲကောင်းတယ် အမေစုလဲ အားနာတယ် စစ်အစိုးရ ဘက်ကတော့ ၉၆၉ ကို ကြိုးကိုင်နေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို ပြောနေကြတာပဲ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာတော့ သမိုင်းကသက်သေခံပါလိမ့်မယ်