Tuesday, June 25, 2013

စဉ်းစားစရာက ဘာလဲဆိုတော့ ၇၈၆ ကို ဘာလိုတရားခံ လုက်နေရတာလဲ ဗမာတစ်ယောက် မုဒိန်းကျင့် လူသတ်ရင် ဘယ် online စာမျက်နှာမှ တက်မလာဘူး ၇၈၆ ဖြစ်ရင်တော့ online မှာပလူပျံနေတာပဲ ဘာတွေက စေ့ဆော်ပေးနေတာလဲ စဉ်းစားစရာ လူမှုးရေးလုက်တဲ့ ၇၈၆ တွေကို မမြင်ဘူး မကြားဘူးလို ဖြစ်မှာပါ အားလုံးကို အပြစ်မြင်တာတော့ မကောင်းပါဘူး မြန်မာပြည်ပေါက် ၇၈၆ တွေကတော့ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ပါ ယဉ်ကျေးသိမ့်မွေ့ ကြပါတယ် တအားကြီး မဆိုးရွားပါဘူး ဒါကလဲ ကျွန်တော် အမြင်ပါ မှားချင်လဲ မှားမယ် ပေါ့ ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာကိုကိုယ်စားပြုတဲ့ သင်္ကေတပါ ငြိမ်းချမ်းရေးသင်္ကေတပါ ဆူဆူပူပူ လုက်မယ်ဆိုရင်တော့ ကိုယ့်တံဆိပ်ကို ကိုယ်ကိုတိုင် ဖျက်ဆီးတာနဲ့ အတူတူဖြစ်မှာပဲ အားလုံးဟာ မြန်မာပြည်ပေါက်တွေပဲ ချစ်ချစ်ခင်ခင်နေလာကြတာ ကြာပြီပဲ ခုမှဘာစိတ်ကူးပေါက်လို ရန်းဖြစ်ကြတာလဲ မပြောတတ်ပါဘူး အိမ်နီးချင် နိုင်ငံတွေက ဝမ်းသာကြလိမ့်မယ် ဒီပုံစံ အတိုင်းဆို ချစ်ချစ် ခင်ခင် နေလာကြသော ညီအကိုတို ဘေးနားက အိမ်တွေက သင်တို့ကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မည် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်ကြပါစို့