Monday, May 13, 2013
Friday, May 10, 2013
ကျန်စစ်သားမင်းကြီးသည် ထိုသတင်းစကားကိုရလျှင် လက္ခဏာဖတ် ပုဏ္ဏားတော်များနှင့် မှုးမတ်ကြီးများကို စေလွှတ်ကာ ကြည့်ခိုင်းလေသည် ပုဏ္ဏားတော်များလည်း ရှင်မယ်ဖြူ ကို မြင်တွေ့လျင် မိဖုရားဖြစ်ထိုက်သော ရုပ်ဆင်းအင်္ဂါနှင့် အပြစ်ကင်းစင်သော မိန်းမလှတစ်ယောက်ဖြစ်သည့်ဟု ဆုံးဖြတ်ကာ မမယ်ကောင်း၏ အိမ်ရှေ့တွင် ပန်းကုံးစိုက် ရာဇမတ်ကာ သဲဖြူခင်းလျက် တော်ကောက်ကြောင်း ကြေညာလိုက်သည် မမယ်ကောင်း ငိုရတော့သည် သမီးကို ရှင်ဘုရင်သော မင်းသော ဘယ်သူနှင့်မှ မပေးစားနိုင်ဟုဆိုကာ ရှင်မယ်ဖြူ ကို အနားသို့ ခေါ်ယူပြီးလျှင် ရှင်မယ်ဖြူ၏ လက်သန်းကလေးကို ဆတ်ခနဲ ကိုက်ဖြတ်လိုက်သည် လက်သန်းကလေးမှာ ပြတ်ထွက်သွားပြီးလျင် သွေးများကျလာသောအခါမှ ရှင်မယ်ဖြူသည် နာလည်းနာ သူ့အမေက ဘာကြောင့် ယခုကဲ့သို ရက်စက်စွာ ပြုမူသည်ကိုလည်း နားမလည်သောကြောင့် "အမေရယ် သမီးကို ရက်စက်လိုက်တာ သမီးရဲ့ လက်သန်းကို ဘာဖြစ်လို ကိုက်ဖြတ်ရတာလဲ " ဟု ငိုရှိုက်းရင်း မေးသည် "" သမီး ရှင်မယ်ဖြူ ငါ့သမီး ဘာမှမသိဘူးနော် သမီးကို ကျန်စစ်သားမင်းကြီးက မိဖုရားမြှောက်မလို အခုတော်ကောက်သွားပြီ မဟုတ်လား အမေ သမီးနဲ့ မခွဲးနိုင်ဘူး မင်းသောဘာသော ဘယ်သူနဲ့မှ မပေးစားချင်လို့ သမီးလက်ကလေးကို ကိုက်ဖြတ်လိုက်ရတာ မင်းဆိုတာ ခြေလက်အင်္ဂါ မပြည့်စုံသူကို ဘယ်လောက်ပဲလှလှ မိဖုရားမမြှောက်တော့ဘူးကွယ့် သမီးရဲ့ ပြီးတော့ မိဖုရားတွေ အများကြီးရှိတဲ့ ရှင်ဘုရင်နဲ့ နေရရင် သမီးကလေး စိတ်ညစ် စိတ်ဆင်းရဲးမှာပေါ့ ''"
သူမောင်ကြိုက်နှစ်သက်သည့်မုန့်များကို အထူးပြုလုက်ထားလေရာ မောင်ဖြစ်သူ မလာသောအခါ စိတ်မကောင်းသောကြောင့် ထိုမုန့်များကို ပြောင်းပြာရွာနှင့် တစ်ခေါ်လောက်ဝေးသော ချောင်းထဲသို ပစ်ချလိုက်သည် ထိုချောင်းကို ယခုထိ မုန့်ပစ်ချောင်းဟု ခေါ်တွင်နေဆဲ မုန့်များသည် ချောင်းထဲ၌ ပုံစံမပျက် ကျောက်တုံး ကျောက်ခဲများ ဖြစ်လျက် ရှိနေဆဲ ရှင်မယ်ဖြူ အရွယ်ရောက်လာလျင် ကိုယ်လက်အင်္ဂါ ချောမော ပြေပြစ်စွာဖြင့် မြင်သူငေးလောက်သည့် အလှပဂေးလေးတစ်ယောက်ဖြစ်လာကာ ရပ်ဝေး ရပ်နီး ဝန်းကျင်တွင် ရှင်မယ်ဖြူ၏ အချောအလှသတင်းများ ပျံ့လွင့်လာသည် ထိုသတင်းကို မမယ်ကောင်း၏ မောင်ဖြစ်သူ ကြားသိရသော အခါမှာ ရှင်မယ်ဖြူ ကို ကြည့်လိုသောကြောင့် မမယ်ကောင်းအိမ်သို့ ရောက်လာသည် ထို့နောက် သူ့သားနှင့် ရှင်မယ်ဖြူ ကို လက်ဆက်ထိမ်းမြားခွင့်ပြုပါ ဟု ခွင့်တောင်းကြောင်းလမ်းလာသည် မမယ်ကောင်းက ခေါင်းခါသည် သူ့မောင်ကို စိတ်နာသည့်အနေဖြင့် ရှင်မယ်ဖြူ ကို ဘယ်သူနှင့်မှ ထိမ်းမြားပေးမည်မဟုတ် သူလိုပဲ အပျိုကြီး လုက်ခိုင်းမည် ရှင်မယ်ဖြူနှင့်လည်း သူမခွဲးနိုင်ပါဟုဆိုလျှင် မမယ်ကောင်း၏ မောင်သည် သူ့အမကို မကျေနပ် သူ့သမီးနှင့်ကွဲးအောင်ခွဲးမည်ဟု ကြံစည်ကာ ပြောင်းပြာရွာမှာ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသည် မိန်းမလှတစ်ဦး ပေါ်နေသည် တော်ကောက်တော်မူပါဟု ပုဂံ နန်းတော်အတွင်းသို ရောက်သည်အထိ သတင်းပို့လိုက်သည်
မမယ်ကောင်းက ဘုန်းတော်ကြီးအထူးပြုများကို ပင့်ဖိတ်ကာ ဆွမ်းကပ်ပြီး သင်္ကန်း ထီး ဖိနပ် လှုသည် ပြောင်းပြာရွာ တစ်ရွာလုံး အကုန်ဖိတ်ကာ စားကောင်း သောက်ဖွယ်များဖြင့် ကျွေးမွေးဧည့်ခံသည် လက်တောင်းရွာမှာ နေထိုင်သည် မောင်ဖြစ်သူနှင့် သူ၏ မိသားစုကိုလည်း ဖိတ်ကြားသည် သို့သော် မောင်ဖြစ်သူက လုံးဝမလာ မမယ်ကောင်းသည် သူ့မောင် ကြိုက်နှစ်သက်သည့် မုန့်များကို
Thursday, May 9, 2013
ကလေးအသက် တလပြည့်သောအခါ မမယ်ကောင်းက သူကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့ ကလေးကို ခေါ်ယူသွားကာ နာမည်တောင်းသည် ဘုန်းတော်ကြီးက ကလေးငယ်ရဲ့ မွေးဇာတာကိုကြည့်ကာ ''အေးကွယ် ကလေးက စိတ်သဘောထားကောင်းတယ် နှလုံးသားလည်းဖြူတယ် အထက်တန်းကျကျနေရမယ် ဒါကြောင့်ကလေးငယ်ရဲ့ နာမည်ကို ရှင်မယ်ဖြူ လို ခေါ်ကြ ''ဟု မိန့်တော်မူလိုက်၏ ရှင်မယ်ဖြူ အမည်ပေး ကင်ပွန်းတပ် မင်္ဂလာပွဲးကို မမယ်ကောင်းက ခမ်းနားစွာ ကျင်းပသည်
မမယ်ကောင်း၏ ကိုယ်ဝန်သည် လ ရက် ပြည့်သောအခါ ထုံးစံအတိုင်း သမီးကလေး တစ်ယောက် မွေးဖွားလေသည် ထိုသမီးလေးကို မိန်းမကြီးများက လာရောက်ကြည့်ရှုပြီးသည့်အခါမှာ '' ကလေးကလည်း ဖြူဖြူဆွတ်ဆွတ်လှလိုက်တာတော် မမယ်ကောင်းလို ဝတုတ်တုတ် ညိုညိုမည်းမည်းမဟုတ်ဘူးတော့ အသားကလေးကလည်း ဝါဂွမ်းလို ဖြူနုအိညက်နေတာပဲ ချစ်စရာလေးပါတော် ကံထူးမလေးပါဟဲ '' ဟု အားပါးတရ ချီးမွမ်းပြောဆိုကြကာ သတင်းကောင်းလွှင့်ကြသည် မမယ်ကောင်းကလည်း အိမ်မက်ထဲက အတိုင်းမို သမီးကလေးအား ချစ်အားပိုမိုမိသည်
Wednesday, May 8, 2013
ပြာပုံတောင်စခန်းမှ အလွမ်းကျိန်စာ ပုဂံမင်းများ၏ (44) ဆက်မြောက်ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဗန့်ကျီးတိုက် ယင်းမာပင်မြို့နယ် အတွင်းရှိ ပြောင်းပြာရွာကြီးသည် စီးပွားရေးအလွန်ကောင်းကြသောကြောင့် လူချမ်းသာ လူရည်တက်များ ပေါများသည့်အပြင် အမှုထမ်း အရာထမ်းများလည်း ရှိကြသောကြောင့် ပုဂံမင်းနေပြည်တော်နှင့်လည်း အသွားအလာအဆက်အဆံရှိခဲ့ကြသည်|| ထိုပြောင်းပြာရွာကြီးတွင် မိဘများမရှိကြတော့သော်လည်း အလွန်ချစ်ခင်ကြင်နာကြသည့် မောင်နှမနှစ်ယောက်ရှိကြလေသည် အမအမည်မှာ မမယ်ကောင်းဖြစ်ပြီး မမယ်ကောင်းမှာ မောင်ငယ်ကို အစ်မကြီး အမိအရာ စောင့်ရှောက်သည့်သဘောဖြင့် အိမ်ထောင်မပြုဘဲ အပျိုကြီးဘဝဖြင့် ဘဝကိုမြှုပ်နှံထားသည် သူ၏မောင်ငယ်မှာ အချိန်တန်အရွယ်ရောက်သောအခါ ပြောင်းပြာရွာကြီးနှင့် အလှမ်းမဝေးလှသည့် လက်တောင်းရွာသူနှင့် အိမ်ထောင်ပြုသွားသောကြောင့် ထိုရွာကလေးမှာလိုက်နေသည် တစ်နေ့ ပြောင်းပြာရွာကြီးတစ်ရွာလုံး ထိတ်လန့်အံသြကုန်အောင် မယုံနိုင်လောက်စရာ
Tuesday, May 7, 2013
Saturday, May 4, 2013
Thursday, May 2, 2013
Subscribe to:
Posts (Atom)