Thursday, May 9, 2013

မမယ်ကောင်း၏ ကိုယ်ဝန်သည် လ ရက် ပြည့်သောအခါ ထုံးစံအတိုင်း သမီးကလေး တစ်ယောက် မွေးဖွားလေသည် ထိုသမီးလေးကို မိန်းမကြီးများက လာရောက်ကြည့်ရှုပြီးသည့်အခါမှာ '' ကလေးကလည်း ဖြူဖြူဆွတ်ဆွတ်လှလိုက်တာတော် မမယ်ကောင်းလို ဝတုတ်တုတ် ညိုညိုမည်းမည်းမဟုတ်ဘူးတော့ အသားကလေးကလည်း ဝါဂွမ်းလို ဖြူနုအိညက်နေတာပဲ ချစ်စရာလေးပါတော် ကံထူးမလေးပါဟဲ '' ဟု အားပါးတရ ချီးမွမ်းပြောဆိုကြကာ သတင်းကောင်းလွှင့်ကြသည် မမယ်ကောင်းကလည်း အိမ်မက်ထဲက အတိုင်းမို သမီးကလေးအား ချစ်အားပိုမိုမိသည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.