Friday, May 10, 2013

ကျန်စစ်သားမင်းကြီးသည် ထိုသတင်းစကားကိုရလျှင် လက္ခဏာဖတ် ပုဏ္ဏားတော်များနှင့် မှုးမတ်ကြီးများကို စေလွှတ်ကာ ကြည့်ခိုင်းလေသည် ပုဏ္ဏားတော်များလည်း ရှင်မယ်ဖြူ ကို မြင်တွေ့လျင် မိဖုရားဖြစ်ထိုက်သော ရုပ်ဆင်းအင်္ဂါနှင့် အပြစ်ကင်းစင်သော မိန်းမလှတစ်ယောက်ဖြစ်သည့်ဟု ဆုံးဖြတ်ကာ မမယ်ကောင်း၏ အိမ်ရှေ့တွင် ပန်းကုံးစိုက် ရာဇမတ်ကာ သဲဖြူခင်းလျက် တော်ကောက်ကြောင်း ကြေညာလိုက်သည် မမယ်ကောင်း ငိုရတော့သည် သမီးကို ရှင်ဘုရင်သော မင်းသော ဘယ်သူနှင့်မှ မပေးစားနိုင်ဟုဆိုကာ ရှင်မယ်ဖြူ ကို အနားသို့ ခေါ်ယူပြီးလျှင် ရှင်မယ်ဖြူ၏ လက်သန်းကလေးကို ဆတ်ခနဲ ကိုက်ဖြတ်လိုက်သည် လက်သန်းကလေးမှာ ပြတ်ထွက်သွားပြီးလျင် သွေးများကျလာသောအခါမှ ရှင်မယ်ဖြူသည် နာလည်းနာ သူ့အမေက ဘာကြောင့် ယခုကဲ့သို ရက်စက်စွာ ပြုမူသည်ကိုလည်း နားမလည်သောကြောင့် "အမေရယ် သမီးကို ရက်စက်လိုက်တာ သမီးရဲ့ လက်သန်းကို ဘာဖြစ်လို ကိုက်ဖြတ်ရတာလဲ " ဟု ငိုရှိုက်းရင်း မေးသည် "" သမီး ရှင်မယ်ဖြူ ငါ့သမီး ဘာမှမသိဘူးနော် သမီးကို ကျန်စစ်သားမင်းကြီးက မိဖုရားမြှောက်မလို အခုတော်ကောက်သွားပြီ မဟုတ်လား အမေ သမီးနဲ့ မခွဲးနိုင်ဘူး မင်းသောဘာသော ဘယ်သူနဲ့မှ မပေးစားချင်လို့ သမီးလက်ကလေးကို ကိုက်ဖြတ်လိုက်ရတာ မင်းဆိုတာ ခြေလက်အင်္ဂါ မပြည့်စုံသူကို ဘယ်လောက်ပဲလှလှ မိဖုရားမမြှောက်တော့ဘူးကွယ့် သမီးရဲ့ ပြီးတော့ မိဖုရားတွေ အများကြီးရှိတဲ့ ရှင်ဘုရင်နဲ့ နေရရင် သမီးကလေး စိတ်ညစ် စိတ်ဆင်းရဲးမှာပေါ့ ''"

No comments:

Post a Comment

Note: Only a member of this blog may post a comment.