ကလေးအသက် တလပြည့်သောအခါ မမယ်ကောင်းက သူကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့ ကလေးကို ခေါ်ယူသွားကာ နာမည်တောင်းသည် ဘုန်းတော်ကြီးက ကလေးငယ်ရဲ့ မွေးဇာတာကိုကြည့်ကာ ''အေးကွယ် ကလေးက စိတ်သဘောထားကောင်းတယ် နှလုံးသားလည်းဖြူတယ် အထက်တန်းကျကျနေရမယ် ဒါကြောင့်ကလေးငယ်ရဲ့ နာမည်ကို ရှင်မယ်ဖြူ လို ခေါ်ကြ ''ဟု မိန့်တော်မူလိုက်၏ ရှင်မယ်ဖြူ အမည်ပေး ကင်ပွန်းတပ် မင်္ဂလာပွဲးကို မမယ်ကောင်းက ခမ်းနားစွာ ကျင်းပသည်
No comments:
Post a Comment
Note: Only a member of this blog may post a comment.