Wednesday, May 8, 2013

ပြာပုံတောင်စခန်းမှ အလွမ်းကျိန်စာ ပုဂံမင်းများ၏ (44) ဆက်မြောက်ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဗန့်ကျီးတိုက် ယင်းမာပင်မြို့နယ် အတွင်းရှိ ပြောင်းပြာရွာကြီးသည် စီးပွားရေးအလွန်ကောင်းကြသောကြောင့် လူချမ်းသာ လူရည်တက်များ ပေါများသည့်အပြင် အမှုထမ်း အရာထမ်းများလည်း ရှိကြသောကြောင့် ပုဂံမင်းနေပြည်တော်နှင့်လည်း အသွားအလာအဆက်အဆံရှိခဲ့ကြသည်|| ထိုပြောင်းပြာရွာကြီးတွင် မိဘများမရှိကြတော့သော်လည်း အလွန်ချစ်ခင်ကြင်နာကြသည့် မောင်နှမနှစ်ယောက်ရှိကြလေသည် အမအမည်မှာ မမယ်ကောင်းဖြစ်ပြီး မမယ်ကောင်းမှာ မောင်ငယ်ကို အစ်မကြီး အမိအရာ စောင့်ရှောက်သည့်သဘောဖြင့် အိမ်ထောင်မပြုဘဲ အပျိုကြီးဘဝဖြင့် ဘဝကိုမြှုပ်နှံထားသည် သူ၏မောင်ငယ်မှာ အချိန်တန်အရွယ်ရောက်သောအခါ ပြောင်းပြာရွာကြီးနှင့် အလှမ်းမဝေးလှသည့် လက်တောင်းရွာသူနှင့် အိမ်ထောင်ပြုသွားသောကြောင့် ထိုရွာကလေးမှာလိုက်နေသည် တစ်နေ့ ပြောင်းပြာရွာကြီးတစ်ရွာလုံး ထိတ်လန့်အံသြကုန်အောင် မယုံနိုင်လောက်စရာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.