Friday, May 10, 2013

သူမောင်ကြိုက်နှစ်သက်သည့်မုန့်များကို အထူးပြုလုက်ထားလေရာ မောင်ဖြစ်သူ မလာသောအခါ စိတ်မကောင်းသောကြောင့် ထိုမုန့်များကို ပြောင်းပြာရွာနှင့် တစ်ခေါ်လောက်ဝေးသော ချောင်းထဲသို ပစ်ချလိုက်သည် ထိုချောင်းကို ယခုထိ မုန့်ပစ်ချောင်းဟု ခေါ်တွင်နေဆဲ မုန့်များသည် ချောင်းထဲ၌ ပုံစံမပျက် ကျောက်တုံး ကျောက်ခဲများ ဖြစ်လျက် ရှိနေဆဲ ရှင်မယ်ဖြူ အရွယ်ရောက်လာလျင် ကိုယ်လက်အင်္ဂါ ချောမော ပြေပြစ်စွာဖြင့် မြင်သူငေးလောက်သည့် အလှပဂေးလေးတစ်ယောက်ဖြစ်လာကာ ရပ်ဝေး ရပ်နီး ဝန်းကျင်တွင် ရှင်မယ်ဖြူ၏ အချောအလှသတင်းများ ပျံ့လွင့်လာသည် ထိုသတင်းကို မမယ်ကောင်း၏ မောင်ဖြစ်သူ ကြားသိရသော အခါမှာ ရှင်မယ်ဖြူ ကို ကြည့်လိုသောကြောင့် မမယ်ကောင်းအိမ်သို့ ရောက်လာသည် ထို့နောက် သူ့သားနှင့် ရှင်မယ်ဖြူ ကို လက်ဆက်ထိမ်းမြားခွင့်ပြုပါ ဟု ခွင့်တောင်းကြောင်းလမ်းလာသည် မမယ်ကောင်းက ခေါင်းခါသည် သူ့မောင်ကို စိတ်နာသည့်အနေဖြင့် ရှင်မယ်ဖြူ ကို ဘယ်သူနှင့်မှ ထိမ်းမြားပေးမည်မဟုတ် သူလိုပဲ အပျိုကြီး လုက်ခိုင်းမည် ရှင်မယ်ဖြူနှင့်လည်း သူမခွဲးနိုင်ပါဟုဆိုလျှင် မမယ်ကောင်း၏ မောင်သည် သူ့အမကို မကျေနပ် သူ့သမီးနှင့်ကွဲးအောင်ခွဲးမည်ဟု ကြံစည်ကာ ပြောင်းပြာရွာမှာ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသည် မိန်းမလှတစ်ဦး ပေါ်နေသည် တော်ကောက်တော်မူပါဟု ပုဂံ နန်းတော်အတွင်းသို ရောက်သည်အထိ သတင်းပို့လိုက်သည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.