Thursday, June 27, 2013

ထိုသို့ လျှောက်ထားချက်များသည် သဘောရိုးဖြင့်ပြုလုက်ကြောင်းထင်ရှားပါက ခွင့်ပြုကြောင်းပြန်ကြားရမည် ထိုသို့ ဘာသာအယူပြောင်းလဲပြီးပါက နောက်ထပ်တစ်ဖန်ပြောင်းလဲခြင်းကို ခွင့်မပြုရ အထက်ပါအချက်များသည် အလွယ်တကူလေ့လာနိုင်ရန် ကောက်နှုတ်ချက်များသာဖြစ်၍ အပြည့်အစုံကိုသီးခြားလေ့လာနိုင်ပါသည်

လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်းရမည် လိုအပ်လျှင် မူလဘာသာရေးအဖွဲ့နှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့များ၏ ဆန္ဒကိုရယူနိုင်သည် လျှောက်ထားသူသည် မိမိ၏ ရိုးသားစွာ ယုံကြည်မှု့ကြောင့်မဟုတ်ဘဲ အခြားဘာသာသာသနာကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ရန် ပြဿနာဖန်တီးရန် (သို့)မရိုးသားသည့်အကြံတစ်ခုခုဖြင့်လျှောက်ထားကြောင်းပေါ်လွင်ပါက အကြောင်းပြချက်များဖြင့် ပယ်ရမည် ထိုသူနှင့် အားပေးကူညီ ပူးပေါင်းဆောင်ရွက်သူများကို ဥပဒေများအရ အရေးယူတရားစွဲးဆိုရမည်

ထိုသို့လျှောက်ထားရာတွင် အိမ်ထောင်ရေးနှင့်ပက်သက်၍ ထိမ်းမြားရန် (သို့) ကွာရှင်းရန် (သို့) ပစ္စည်းခွဲးခြားရန် အမွေဆက်ခံရေးအတွက်ဖြစ်ကြောင်း စသည်တို့ကို မှန်ကန်စွာ ဖော်ပြရမည် ထိုအပြင် ဘာသာအယူဝါဒနှင့်ပက်သက်၍ ယုံကြည်ချက် ပြောင်းလိုခြင်းအပေါ် အခြေခံခြင်းဟုတ်/မဟုတ် ပြည့်စုံစွာဖော်ပြရမည်

ကိုးကွယ်ရာဘာသာနှင့်ပက်သက်၍ မှတ်ပုံတင်ဥပဒေမူကြမ်း မည်သူမဆို မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာသို့ ကူးပြောင်းလိုလျှင် သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများသို့ မိတ္တူပေးပို့ရမည်

Wednesday, June 26, 2013

မိုးကလဲ ကောင်းလိုက်တာ တနေကုန်ရွာနေတာပဲ ဘာအလုက်မှ မလုက်ဖြစ်ဘူး ပျင်းတာနဲ့ အင်တာနက်မှာပဲ အချိန်ကုန်နေတယ် site လေးတခုလောက် လုက်မယ်စိတ်ကူးတာ မလုက်တတ်တာနဲ့ ပြုတ်ကျနေတယ် အင်တာနက်ကလဲ မကောင်းတာပါမှာပေါ့ အသုံးချတတ်ရင်တော့ အင်တာနက်နဲ့ပဲ စီးပွားဖြစ်နိုင်တယ် ၂၀၁၃ ဆီးဂိမ် ကျရင်တော့ လိုင်းကောင်းလောက်မယ် ထင်ပါတယ် လူငယ်တွေအတွက် အခွင့်အလန်းတခု ဖြစ်လာလောက်ပါတယ် ကြိုးစားခဲ့မယ်ဆိုရင်ပေါ့ လူငယ်တော်တော်များများကတော့ စိတ်ဝင်စားကြပါတယ် နည်းပညာ ဘက်ဆိုင်ရာမှာ တခြားနိုင်ငံတွေထက် မနိမ့်ကျပါဘူး မြန်မာနိုင်ငံက တနေ့တော့ စင်္ကာပူထက် သာမယ်လိုထင်တာပဲ


Tuesday, June 25, 2013

http/kominthu2013 blogspot.com

ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်တာ ၉၆၉ ကြောင့်လိုပြောကြပါတယ် မဆိုင်ပါဘူး ဆရာတော်တွေက အဓိကရုဏ်း မဖြစ်ဖို့ အတန်တန် တရားထဲမှာ ထည့်ဟောထားတာပဲ အဓိကရုဏ်းဖြစ်အောင် ဘယ်သူတွေက ဖန်တီးနေတာလဲ ဘာရည်ရွယ်ချက်နဲ့ ဖန်တီးနေတာလဲ မြန်မာပြည်သူတွေက တကယ်ပဲ ဆူဆူပူပူ နေချင်ပမလား အေးအေးဆေးဆေး နေတတ်တဲ့ လူမျိုးတွေပါ ဘယ်တော့မှ အကြမ်းဖက်ဝါဒကို အလိုရှိတဲ့ နိုင်ငံမဟုတ်ပါဘူး အားလုံးလဲ သတိထားမိလိမ့်မယ် ထင်ပါတယ် ဗုဒ္ဓဘာသာကြောင့် စစ်ဖြစ်ရတယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက်ရှားပါတယ် အားလုံးအသိ သတိရှိတဲ့ နိုင်ငံပါ ဘာသာရေးက ဆုံးမထားတဲ့ နိုင်ငံပါ လူကို လူလိုပဲ မြင်ကြပါတယ် ဘယ်တော့မှ ခွဲးခြား မဆက်ဆံပါဘူး ဒါဟာ မြန်မာနိုင်ငံရဲ့ မွေးရာပါ ဗီဇပါ

ဘာမှမဟုတ်ပါဘူး လူဘဝဆိုတာ ခနပါ နေတုန်းခန အကောင်းမြင်ဝါဒ မွေးမြူကြပါ

စဉ်းစားစရာက ဘာလဲဆိုတော့ ၇၈၆ ကို ဘာလိုတရားခံ လုက်နေရတာလဲ ဗမာတစ်ယောက် မုဒိန်းကျင့် လူသတ်ရင် ဘယ် online စာမျက်နှာမှ တက်မလာဘူး ၇၈၆ ဖြစ်ရင်တော့ online မှာပလူပျံနေတာပဲ ဘာတွေက စေ့ဆော်ပေးနေတာလဲ စဉ်းစားစရာ လူမှုးရေးလုက်တဲ့ ၇၈၆ တွေကို မမြင်ဘူး မကြားဘူးလို ဖြစ်မှာပါ အားလုံးကို အပြစ်မြင်တာတော့ မကောင်းပါဘူး မြန်မာပြည်ပေါက် ၇၈၆ တွေကတော့ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ပါ ယဉ်ကျေးသိမ့်မွေ့ ကြပါတယ် တအားကြီး မဆိုးရွားပါဘူး ဒါကလဲ ကျွန်တော် အမြင်ပါ မှားချင်လဲ မှားမယ် ပေါ့ ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာကိုကိုယ်စားပြုတဲ့ သင်္ကေတပါ ငြိမ်းချမ်းရေးသင်္ကေတပါ ဆူဆူပူပူ လုက်မယ်ဆိုရင်တော့ ကိုယ့်တံဆိပ်ကို ကိုယ်ကိုတိုင် ဖျက်ဆီးတာနဲ့ အတူတူဖြစ်မှာပဲ အားလုံးဟာ မြန်မာပြည်ပေါက်တွေပဲ ချစ်ချစ်ခင်ခင်နေလာကြတာ ကြာပြီပဲ ခုမှဘာစိတ်ကူးပေါက်လို ရန်းဖြစ်ကြတာလဲ မပြောတတ်ပါဘူး အိမ်နီးချင် နိုင်ငံတွေက ဝမ်းသာကြလိမ့်မယ် ဒီပုံစံ အတိုင်းဆို ချစ်ချစ် ခင်ခင် နေလာကြသော ညီအကိုတို ဘေးနားက အိမ်တွေက သင်တို့ကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မည် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်ကြပါစို့

စာမရေးဖြစ်တာ ကြာပါပြီ ရေးချင်စိတ်မရှိတာက တစ်ကြောင်း မအားတာက တစ်ကြောင်းမို့ပါ အားပြန်တော့လဲ အင်တာနက် လိုင်းက မကောင်းပြန် ဒါနဲ ဘာမှ မရေးဖြစ်တော့ဘူး အခုမှ ဘာစိတ်ကူးပေါက်လို ထရေးတာလဲဆိုတော့ fb မှာ ဖတ်နေရတဲ့ စာတွေကြောင့် ငါလဲ ရေးအုံးမှပဲဆိုပြီး စိတ်ကူးပေါက်လာတာပါ fb ပေါ်မှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးစောင့် ဥပဒေ ဆိုလား ဘာဆိုလား မပြောတတ်ပါဘူး ဘာသာခြား လူမျိုးခြား စိမ့်ဝင်မှု့ကို ကာကွယ်ဘို့ရန်အတွက် ရေးဆွဲးထားပုံ ရပါတယ် တနေ့တခြား ကြီးထွားလာသော လူမျိုးခြား အန္တရာယ်ကလဲ ထိုင်းနိုင်ငံ တောင်ပိုင်က သက်သေပြနေတယ် စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ တချို့ကပြောတော့လဲ နိုင်ငံရေး လှည့်ကွက်တဲ့ ဒီပဲယင် ၁၀ နှစ်ပြည့် အစဖော်မှာစိုးလို ကုလားဘက်ကို မြှားဦးလှည့်လိုက်တာတဲ့ ဘာကို နားလည်ရမှန်း မသိတော့ပါဘူး ကြားထဲ က ငထွားခါးနာ ရကိန်းဆိုက်နေပြီ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကြားမှာတော့ ဒီဥပဒေက ရေပန်းစားနေကြတယ်ဗျ ဘာသာ သာသနာ အတွက်ဆိုရင်တော့ ကောင်းပါတယ် ဘာသာကို ခုတုံးလုက်ပြီး နိုင်ငံရေး အမြတ်ထုတ်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့ သမိုင်းစာမျက်နှာတွေမှာ အမည်စက် ကျန်နေရစ်လိမ့်မယ် လူထုကတော့ ဘာသာရေးခေါင်းဆောင်းတွေ ဦးဆောင်တာ ဆိုတော့ ဘာမှန်းသိသိ မသိသိ ထောက်ခံကြတာပေါ့ ၇၀ ရာခိုင်နှုန်း ကကျေးလက်နေပြည်သူတွေလေ ရွာဦးကျောင်း ဆရာတော်က ကောင်းတယ်ဆို ကောင်းလိုက်ကြတာပါ ဘာမှ သူတိုကတော့ ကွက်ကျော် မမြင်တတ်ကြပါဘူး ကောင်းပါတယ် ဘာသာရေး အမြင်နဲ့ ကြည့်ရင်ပေါ့ လူ့အခွင့်အရေးစံနှုန်းနဲ့ တိုင်းရင်တော့ မကောင်းဘူးပေါ့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ထောက်ခံတယ်ဆိုမှတော့ ဘာမှ စောဒက မတက်ချင်တော့ပါဘူး ကောင်းလဲကောင်းတယ် အမေစုလဲ အားနာတယ် စစ်အစိုးရ ဘက်ကတော့ ၉၆၉ ကို ကြိုးကိုင်နေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို ပြောနေကြတာပဲ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာတော့ သမိုင်းကသက်သေခံပါလိမ့်မယ်

အခုတလော ရေပန်းစားနေတာကတော့ အမျိုးစောင့်ဥပဒေ ဆိုတာပါပဲ ဘာမှတော့ ဝေဖန်စရာ မရှိပါဘူး မြန်မာ အမျိုးသမီးများအတွက် ရင်အေးရတော့မယ် ဥပဒေ တစ်ရပ် ဖြစ်ပါတယ် မြန်မာ စစ်စစ်က မွေးလာတာ မြန်မာ စစ်စစ်ပဲ ဖြစ်ချင်ကြတာ မိဘတိုင်းရဲ ဆန္ဒပါ ဘယ်မိဘမှ ကပြားလေး မွေးလာတာ အလိုမရှိကြပါ ဒီဥပဒေသာ အတည်ဖြစ်သွားရင်တော့ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ဟာ နှစ်ထောင်ချီ၍ တည်တံ့တော့မှာ ဝမ်းသာစရာ ပုံရိပ်တခုပါ နယ်တော်တော်များများ လက်မှတ်ထိုးနေတာ တွေ့တော့ ကျွန်တော်လဲ လက်မှတ်ထိုးတော့မယ်လို စိတ်ကူးလိုက်တယ် နိုင်ငံရေးတွေ ဘာတွေးတော့ နားမလည်ပါဘူး ဘာသာရေးသမား တစ်ယောက်အနေနဲ့ ကောင်းတယ်လို ခံယူထားပါတယ် လူမျိုးမပျောက်အောင် ကာကွယ်တာလိုပဲ မြင်မိပါတယ် ကျန်တာကတော့ ဘာမှ နားမလည်ပါဘူး

Friday, May 10, 2013

ကျန်စစ်သားမင်းကြီးသည် ထိုသတင်းစကားကိုရလျှင် လက္ခဏာဖတ် ပုဏ္ဏားတော်များနှင့် မှုးမတ်ကြီးများကို စေလွှတ်ကာ ကြည့်ခိုင်းလေသည် ပုဏ္ဏားတော်များလည်း ရှင်မယ်ဖြူ ကို မြင်တွေ့လျင် မိဖုရားဖြစ်ထိုက်သော ရုပ်ဆင်းအင်္ဂါနှင့် အပြစ်ကင်းစင်သော မိန်းမလှတစ်ယောက်ဖြစ်သည့်ဟု ဆုံးဖြတ်ကာ မမယ်ကောင်း၏ အိမ်ရှေ့တွင် ပန်းကုံးစိုက် ရာဇမတ်ကာ သဲဖြူခင်းလျက် တော်ကောက်ကြောင်း ကြေညာလိုက်သည် မမယ်ကောင်း ငိုရတော့သည် သမီးကို ရှင်ဘုရင်သော မင်းသော ဘယ်သူနှင့်မှ မပေးစားနိုင်ဟုဆိုကာ ရှင်မယ်ဖြူ ကို အနားသို့ ခေါ်ယူပြီးလျှင် ရှင်မယ်ဖြူ၏ လက်သန်းကလေးကို ဆတ်ခနဲ ကိုက်ဖြတ်လိုက်သည် လက်သန်းကလေးမှာ ပြတ်ထွက်သွားပြီးလျင် သွေးများကျလာသောအခါမှ ရှင်မယ်ဖြူသည် နာလည်းနာ သူ့အမေက ဘာကြောင့် ယခုကဲ့သို ရက်စက်စွာ ပြုမူသည်ကိုလည်း နားမလည်သောကြောင့် "အမေရယ် သမီးကို ရက်စက်လိုက်တာ သမီးရဲ့ လက်သန်းကို ဘာဖြစ်လို ကိုက်ဖြတ်ရတာလဲ " ဟု ငိုရှိုက်းရင်း မေးသည် "" သမီး ရှင်မယ်ဖြူ ငါ့သမီး ဘာမှမသိဘူးနော် သမီးကို ကျန်စစ်သားမင်းကြီးက မိဖုရားမြှောက်မလို အခုတော်ကောက်သွားပြီ မဟုတ်လား အမေ သမီးနဲ့ မခွဲးနိုင်ဘူး မင်းသောဘာသော ဘယ်သူနဲ့မှ မပေးစားချင်လို့ သမီးလက်ကလေးကို ကိုက်ဖြတ်လိုက်ရတာ မင်းဆိုတာ ခြေလက်အင်္ဂါ မပြည့်စုံသူကို ဘယ်လောက်ပဲလှလှ မိဖုရားမမြှောက်တော့ဘူးကွယ့် သမီးရဲ့ ပြီးတော့ မိဖုရားတွေ အများကြီးရှိတဲ့ ရှင်ဘုရင်နဲ့ နေရရင် သမီးကလေး စိတ်ညစ် စိတ်ဆင်းရဲးမှာပေါ့ ''"

သူမောင်ကြိုက်နှစ်သက်သည့်မုန့်များကို အထူးပြုလုက်ထားလေရာ မောင်ဖြစ်သူ မလာသောအခါ စိတ်မကောင်းသောကြောင့် ထိုမုန့်များကို ပြောင်းပြာရွာနှင့် တစ်ခေါ်လောက်ဝေးသော ချောင်းထဲသို ပစ်ချလိုက်သည် ထိုချောင်းကို ယခုထိ မုန့်ပစ်ချောင်းဟု ခေါ်တွင်နေဆဲ မုန့်များသည် ချောင်းထဲ၌ ပုံစံမပျက် ကျောက်တုံး ကျောက်ခဲများ ဖြစ်လျက် ရှိနေဆဲ ရှင်မယ်ဖြူ အရွယ်ရောက်လာလျင် ကိုယ်လက်အင်္ဂါ ချောမော ပြေပြစ်စွာဖြင့် မြင်သူငေးလောက်သည့် အလှပဂေးလေးတစ်ယောက်ဖြစ်လာကာ ရပ်ဝေး ရပ်နီး ဝန်းကျင်တွင် ရှင်မယ်ဖြူ၏ အချောအလှသတင်းများ ပျံ့လွင့်လာသည် ထိုသတင်းကို မမယ်ကောင်း၏ မောင်ဖြစ်သူ ကြားသိရသော အခါမှာ ရှင်မယ်ဖြူ ကို ကြည့်လိုသောကြောင့် မမယ်ကောင်းအိမ်သို့ ရောက်လာသည် ထို့နောက် သူ့သားနှင့် ရှင်မယ်ဖြူ ကို လက်ဆက်ထိမ်းမြားခွင့်ပြုပါ ဟု ခွင့်တောင်းကြောင်းလမ်းလာသည် မမယ်ကောင်းက ခေါင်းခါသည် သူ့မောင်ကို စိတ်နာသည့်အနေဖြင့် ရှင်မယ်ဖြူ ကို ဘယ်သူနှင့်မှ ထိမ်းမြားပေးမည်မဟုတ် သူလိုပဲ အပျိုကြီး လုက်ခိုင်းမည် ရှင်မယ်ဖြူနှင့်လည်း သူမခွဲးနိုင်ပါဟုဆိုလျှင် မမယ်ကောင်း၏ မောင်သည် သူ့အမကို မကျေနပ် သူ့သမီးနှင့်ကွဲးအောင်ခွဲးမည်ဟု ကြံစည်ကာ ပြောင်းပြာရွာမှာ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသည် မိန်းမလှတစ်ဦး ပေါ်နေသည် တော်ကောက်တော်မူပါဟု ပုဂံ နန်းတော်အတွင်းသို ရောက်သည်အထိ သတင်းပို့လိုက်သည်

မမယ်ကောင်းက ဘုန်းတော်ကြီးအထူးပြုများကို ပင့်ဖိတ်ကာ ဆွမ်းကပ်ပြီး သင်္ကန်း ထီး ဖိနပ် လှုသည် ပြောင်းပြာရွာ တစ်ရွာလုံး အကုန်ဖိတ်ကာ စားကောင်း သောက်ဖွယ်များဖြင့် ကျွေးမွေးဧည့်ခံသည် လက်တောင်းရွာမှာ နေထိုင်သည် မောင်ဖြစ်သူနှင့် သူ၏ မိသားစုကိုလည်း ဖိတ်ကြားသည် သို့သော် မောင်ဖြစ်သူက လုံးဝမလာ မမယ်ကောင်းသည် သူ့မောင် ကြိုက်နှစ်သက်သည့် မုန့်များကို

Thursday, May 9, 2013

ကလေးအသက် တလပြည့်သောအခါ မမယ်ကောင်းက သူကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့ ကလေးကို ခေါ်ယူသွားကာ နာမည်တောင်းသည် ဘုန်းတော်ကြီးက ကလေးငယ်ရဲ့ မွေးဇာတာကိုကြည့်ကာ ''အေးကွယ် ကလေးက စိတ်သဘောထားကောင်းတယ် နှလုံးသားလည်းဖြူတယ် အထက်တန်းကျကျနေရမယ် ဒါကြောင့်ကလေးငယ်ရဲ့ နာမည်ကို ရှင်မယ်ဖြူ လို ခေါ်ကြ ''ဟု မိန့်တော်မူလိုက်၏ ရှင်မယ်ဖြူ အမည်ပေး ကင်ပွန်းတပ် မင်္ဂလာပွဲးကို မမယ်ကောင်းက ခမ်းနားစွာ ကျင်းပသည်

မမယ်ကောင်း၏ ကိုယ်ဝန်သည် လ ရက် ပြည့်သောအခါ ထုံးစံအတိုင်း သမီးကလေး တစ်ယောက် မွေးဖွားလေသည် ထိုသမီးလေးကို မိန်းမကြီးများက လာရောက်ကြည့်ရှုပြီးသည့်အခါမှာ '' ကလေးကလည်း ဖြူဖြူဆွတ်ဆွတ်လှလိုက်တာတော် မမယ်ကောင်းလို ဝတုတ်တုတ် ညိုညိုမည်းမည်းမဟုတ်ဘူးတော့ အသားကလေးကလည်း ဝါဂွမ်းလို ဖြူနုအိညက်နေတာပဲ ချစ်စရာလေးပါတော် ကံထူးမလေးပါဟဲ '' ဟု အားပါးတရ ချီးမွမ်းပြောဆိုကြကာ သတင်းကောင်းလွှင့်ကြသည် မမယ်ကောင်းကလည်း အိမ်မက်ထဲက အတိုင်းမို သမီးကလေးအား ချစ်အားပိုမိုမိသည်

Wednesday, May 8, 2013

အမေတိုနဲ့ အတူနေပရစေ ဟု ခွင့်လာတောင်းသည် မမယ်ကောင်းကလဲ သမီးရင်းတမျှ ချစ်လှသောကြောင့် သမီးနေချင်လဲ နေပေါ့ ဟု နေခွင့်ပေးလိုက်သည် အမေ ဒါဆိုရင် ဒါလေး သောက်လိုက်ပါ ဟု အလွန်ခါးသောအရည်ကို တိုက်သည် မမယ်ကောင်းလဲယူသောက်လိုက်ရာ အလွန်ခါးသဖြင့် အိပ်ယာမှ

အပျိုကြီးမမယ်ကောင်းမှာ လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးလာသောကြောင့်ဖြစ်သည် သူမောင်ကတော့ ရှက်လွန်းသောကြောင့်ဆွေပြတ် မျိုးပြတ် ဖြတ်ပစ်လိုက်သည် မမယ်ကောင်းပြောပြပုံအရ ညတစ်ညမှာ သူအိပ်ပျော်နေစဉ် လက်ဝတ်ရတနာ အပြည့်အစုံ ဝတ်ဆင်ထားသော နတ်သမီးတမျှလှပသော အမျိုးသမီးတယောက်သီူဆရ

ပြာပုံတောင်စခန်းမှ အလွမ်းကျိန်စာ ပုဂံမင်းများ၏ (44) ဆက်မြောက်ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဗန့်ကျီးတိုက် ယင်းမာပင်မြို့နယ် အတွင်းရှိ ပြောင်းပြာရွာကြီးသည် စီးပွားရေးအလွန်ကောင်းကြသောကြောင့် လူချမ်းသာ လူရည်တက်များ ပေါများသည့်အပြင် အမှုထမ်း အရာထမ်းများလည်း ရှိကြသောကြောင့် ပုဂံမင်းနေပြည်တော်နှင့်လည်း အသွားအလာအဆက်အဆံရှိခဲ့ကြသည်|| ထိုပြောင်းပြာရွာကြီးတွင် မိဘများမရှိကြတော့သော်လည်း အလွန်ချစ်ခင်ကြင်နာကြသည့် မောင်နှမနှစ်ယောက်ရှိကြလေသည် အမအမည်မှာ မမယ်ကောင်းဖြစ်ပြီး မမယ်ကောင်းမှာ မောင်ငယ်ကို အစ်မကြီး အမိအရာ စောင့်ရှောက်သည့်သဘောဖြင့် အိမ်ထောင်မပြုဘဲ အပျိုကြီးဘဝဖြင့် ဘဝကိုမြှုပ်နှံထားသည် သူ၏မောင်ငယ်မှာ အချိန်တန်အရွယ်ရောက်သောအခါ ပြောင်းပြာရွာကြီးနှင့် အလှမ်းမဝေးလှသည့် လက်တောင်းရွာသူနှင့် အိမ်ထောင်ပြုသွားသောကြောင့် ထိုရွာကလေးမှာလိုက်နေသည် တစ်နေ့ ပြောင်းပြာရွာကြီးတစ်ရွာလုံး ထိတ်လန့်အံသြကုန်အောင် မယုံနိုင်လောက်စရာ

သတ္တမမြောက်ကျော်အောင်စံထား ဆရာတော်ဘုရား၏ သုဂတော ၅ ချက် ဂါထာတော် သုဂတော သုဂတဋ္ဌာနံ သုဂတော သုန္ဒရံပိစ သုဂတော နိဗ္ဗာနံ ယန္တိ သုဂတော တေ နမော နမာ

Saturday, May 4, 2013

မဟာဗောဓိမြိုင် ဆရာတော်ကြီး အမိန့်ရှိတော်မူသော ( နာဂစ်ဘေး မတိုင်ခင်ကတည်က မိန့်တော်မူခဲ့ဘူးသော ဂါထာတော် ဖြစ်ပါသည် ) ဘေးဆိုး ကပ်ဆိုး တို့မှ လွတ်မြောက်သော ဂါထာတော် *** ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ ! ယော စာမနာပေါ သကုဏဿ သဒ္ဒေါ !! ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ ! ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု !! ဓမ္မာနုဘာဝေန ဝိနာသမေန္တု

နေပြည်တော်တိုင်း ပျဉ်းမနားမြို့နယ် ပန်းခင်းလမ်းရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၁၃ မေလ ၅ ရက်နေ့တွင် ဓမ္မာစရိယ ဖြေဆိုကြသော သံဃာတော်တို့အား ဗိုလ်ချုပ်မှုးကြီးဦးသန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုတို့မှ နေ့ဆွမ်းဆပ်ကပ်လှုဒါန်းကြောင်း သိရသည်

၂၀၁၃ ခုနှစ် မေလ ၄ ရက်နေ့တွင် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ဓမ္မာစရိယ စာဖြေသံဃာတော်တို့အား မက်စ်မြန်မာ ကုမ္ပဏီ မိသားစုတို့မှ နေ့ဆွမ်းဆပ်ကပ်လှုဒါန်းကြောင်း သတင်းရရှိပါသည်

2013 ခုနှစ် မေလ ၃ ရက်နေ့တွင် နေပြည်တော် တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် မောင်မောင်အေး ဇနီး ဒေါ်ဝါဝါသင်း သမီး မမြတ်သင်းအေး ၏ (21) နှစ်မြောက် မွေးနေ့ အလှုတော်မင်္ဂလာ အဖြစ် စာဖြေသံဃာတော် တို့အား နေ့ဆွမ်းဆပ်ကပ်လှုဒါန်းကြောင်း သတင်းရရှိပါသည်

ရွှေမိသားစု ဖောင်ဒေးရှင်းမှ မတည်၍ လှုဒါန်းသော မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးတွင် ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့တွင် စာဖြေသံဃာတော် အရှင်မြတ်တို့အား နေပြည်တော် စည်ပင်သာယာရေး ဝန်ထမ်း မိသားစု မှ ဆွမ်းဆပ်ကပ် လှုးဒါန်းကြောင်း သတင်းရရှိပါသည်

Thursday, May 2, 2013

နေပြည်တော် ပျဉ်းမနားမြို့ ဥပ္ပါတသန္တိစေတီတော်မြတ်အနီး မင်္ဂလာဗျူ ဟာ သာသနာ့ ဗိန်မာန်တော်ကြီးအတွင်းဝယ် အစိုးရ ဓမ္မာစရိယ စာမေးပွဲးကို 2013 မေလ 2 ရက်နေမှ စတင်၍ ကျင်းပနေကြောင်း သတင်းရရှိပါသည် စာဖြေသံဃာ ၂၇၇ ပါး ရှိကြောင်း သိရသည်

သတင်းအပြည့်အစုံကို ဖတ်ရန် ဒီနေရာ နှိပ်ပါ

အဂ္ဂေါ မယှံ အဂ္ဂံ ဒေတု အဂ္ဂေါ အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် မယှံ ဘုရားတပည့်တော်အား အဂ္ဂံ အမြတ်ဆုံးဖြစ်သော ဆုလာဒ်ကို ဒေတု ပေးသနားတော်မူပါ မြတ်စွာဘုရား

အပ္ပကာ ဝါလုကာ ဂင်္ဂါ ဂင်္ဂါမြစ်၌ ရှိသော သဲတိုသည် နည်းကုန်၏။ အနန္တာ နိဗ္ဗုတာ ဇိနာ ပရိနဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရားရှင်တို့သည် အဆုံးအပိုင်းအခြား မရှိကုန်

http://kominthu2013%20blogspot.com/

အဋ္ဌဝီသံ နှစ်ကျိပ်ရှစ်ဆူကုန်သော သမ္ဗုဒ္ဓေစ မြတ်စွာဘုရားတို့အားလည်းကောင်း ဒွါဒသဉ္စ သဟဿကေ ပဉ္စသတသဟဿာနိ ငါးသိန်းတစ်သောင်းနှစ်ထောင်ကုန်သော သမ္ဗုဒ္ဓေစ မြတ်စွာဘုရားတို့အားလည်းကောင်း အဟံ ဘုရားတပည့်တော်သည် သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးပါ၏ မြတ်စွာဘုရား

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတသဟဿာနိ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ ။ အနေကအန္တရာယာပိ ဝိနာသန္တု အသေသတော။


Wednesday, May 1, 2013

အဂ္ဂေါ အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားသည် မယှံ ဘုရားတပည့်တော်အား ဇယံ အောင်ခြင်းမင်္ဂလာကို ဒေတု ပေးသနားတော်မူပါစေသတည်း

အဂ္ဂေါ မယှံ ဇယံ ဒေတု အဂ္ဃေါ မယှံ ဇယံ ဒေတု အဂ္ဂေါ မယှံ လာဘံ ဒေတု

အဂ္ဂေါ မေ သီသေ တိဋ္ဌတု (3) ခေါက် ဆရာတော်ဘုရားမှ ၁၂ ခေါက် ဟု အမိန့်ရှိတော်မူပါသည် မိမိတို့ ကြိုက်နှစ်သက်သလို ပူဇော်နိုင်ပါသည် အဂ္ဂေါ အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားသည် မေ ဘုရားတပည့်တော်၏ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌ တိဋ္ဌတု ရပ်တန့်တည်နေတော်မူပါ မြတ်စွာဘုရား

နမော အဂ္ဃဿ (၃) ခေါက် အဂ္ဃဿ အဖိုအထိုက်တန်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားအား နမော ရှိခိုးပါ၏ ဘုရား

နေပြည်တော် ပျဉ်းမနားမြို့ ပါဠိဆရာတော် ဘုရားကြီး၏ အဂ္ဂ (အဂ္ဃ) ကျင့်စဉ် နမော အဂ္ဂဿ (၃) ခေါက် အဂ္ဂဿ အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားအား နမော ရှိခိုးပါ၏